Sunday, December 22, 2013
Toca Hair Salon 2
Tocaboca ကနေ ဖန်တီးလိုက်တဲ့ ဂိမ်းလေးတွေက ချစ်စရာကောင်းတယ်ဗျ။ သို့ပေမယ့် iOS အတွက် ထွက်ရှိတာများတယ်။ Android အတွက်ကတော့ သုံးခုလောက်ပဲ ထွက်ရှိသေးပါတယ်။ ထိုအထဲမှ Hair Salon 2
ကတော့ အလန်းလေးပါ။ အပျော်သက်သက် ဆော့ရမယ့် ဂိမ်းလေးပါ။ Character ခြောက်မျိုး ပါရှိပါတယ်။ ဆံပင်ညှပ်ခံမယ့်သူတွေပေါ့။ သူတို့ကို အလန်းဆုံးဖြစ်အောင် ကိုယ့်စိတ်ကူးနဲ့ကိုယ် ညှပ်ပေးရပါမယ်။ Tools တွေက အစုံပါတယ်ဗျ။ ဆံပင်ကောက်၊ ပေါက်၊ ဖြောင့်၊ ညှပ်၊ ဆေးဆိုး၊ ခေါင်းလျှော်၊ ဂိုက်ထိုး၊ ဘရိတ်ဓါးနဲ့ရိပ်၊ အလှဆင် .. စသဖြင့် တကယ့် အပြင်မှာ ဆံပင်ညှပ်သလိုမျိုး ခံစားမှုပေးမယ့် ဂိမ်းလေးပါ။ ရုပ်ထွက်လေးက ညက်ညောပြီး လှတယ်ဗျ။ အသက်ရွယ်မရွေး
ပျော်ရွှင်စေမယ့် ဂိမ်းလေးပါ။ အထူးသဖြင့် ကလေးငယ်များ လုံးဝ သဘောကျ နှစ်သက်သွားစေမယ်။ ကျွန်တော်လဲ ပျင်းရင် ဘိုကေ ထိုင်ညှပ်ပေးနေပါတယ် ကဲ .. ဆော့ကြည့်ဗျာ။ ဒီရက်ပိုင်း App တွေ မတင်ပေးနိုင်လို့လဲ စိတ်မရှိကြပါနဲ့။ ကျွန်တော် အလုပ်များနေလို့ Page ဘက်ကို မလှည့်နိုင်ဖြစ်နေလို့ပါ။ Android 4.0.3 နှင့်အထက် ဖုန်းများတွင်
ကစားနိုင်ပါတယ်။
download - (33MB)
zippyshare - http://www20.zippyshare.com/v/21952868/file.html
dev-host - http://d-h.st/N2E
ပျော်ရွှင်ပါစေ။
